ဒုတိယအကြိမ်လူငယ်စကားဝိုင်း
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)နှင့် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒုတိယအကြိမ်လူငယ်စကားဝိုင်းကို (၈-၂-၂၀၂၃)ရက်နေ့ နံနက်(၉)နာရီ၌ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၊ စုဝေးခန်းမတွင် ကျင်းပခဲ့ရာ ကျောင်းသား/သူနှင့် ဆရာ/ဆရာမ စုစုပေါင်း အင်အား(၂၀၀)ဦးတက်ရောက်ခဲ့ကြပါသည်။ ကျောင်းအုပ်ဆရာကြီးမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးမှ လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ မေဂျာအသီးသီးမှ ကျောင်းသား/သူများမှ လူငယ်နှင့် Life Skill၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စီးပွားရေး၊ လူငယ်များ၏တန်ဖိုး စသည့်ခေါင်းစဉ်များကို…
AGTI Diploma ပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၏ ပဉ္စမအကြိမ်မြောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက်၊ AGTI Diploma ပေးအပ်ပွဲအခမ်းအနားအား (၄-၂-၂၀၂၃)ရက်နေ့နှင့် (၅-၂-၂၀၂၃)ရက်များတွင် ကျင်းပခဲ့ပြီး ကျောင်းသား/သူစုစုပေါင်း(၂၀)ဦးတက်ရောက်၍ အောင်လက်မှတ်ရယူခဲ့ပါသည်။
မိုးရာသီသစ်ပင်စိုက်ပွဲ
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် မိုးရာသီသစ်ပင်စိုက်ပွဲအား (၈-၇-၂၀၂၂)ရက် သောကြာနေ့ နံနက်(၈)နာရီတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူအင်အား (၃၀၀)ခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။