Category Archives: ဆောင်ရွက်လှုပ်ရှားမှုများ

ဒုတိယအကြိမ်လူငယ်စကားဝိုင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)နှင့် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒုတိယအကြိမ်လူငယ်စကားဝိုင်းကို (၈-၂-၂၀၂၃)ရက်နေ့ နံနက်(၉)နာရီ၌ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၊ စုဝေးခန်းမတွင် ကျင်းပခဲ့ရာ ကျောင်းသား/သူနှင့် ဆရာ/ဆရာမ စုစုပေါင်း အင်အား(၂၀၀)ဦးတက်ရောက်ခဲ့ကြပါသည်။ ကျောင်းအုပ်ဆရာကြီးမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးမှ လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ မေဂျာအသီးသီးမှ ကျောင်းသား/သူများမှ လူငယ်နှင့် Life Skill၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စီးပွားရေး၊ လူငယ်များ၏တန်ဖိုး စသည့်ခေါင်းစဉ်များကို…

AGTI Diploma ပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၏ ပဉ္စမအကြိမ်မြောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက်၊ AGTI Diploma ပေးအပ်ပွဲအခမ်းအနားအား (၄-၂-၂၀၂၃)ရက်နေ့နှင့် (၅-၂-၂၀၂၃)ရက်များတွင် ကျင်းပခဲ့ပြီး ကျောင်းသား/သူစုစုပေါင်း(၂၀)ဦးတက်ရောက်၍ အောင်လက်မှတ်ရယူခဲ့ပါသည်။

မိုးရာသီသစ်ပင်စိုက်ပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် မိုးရာသီသစ်ပင်စိုက်ပွဲအား (၈-၇-၂၀၂၂)ရက် သောကြာနေ့ နံနက်(၈)နာရီတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူအင်အား (၃၀၀)ခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

World Youth Skill Competition

World Youth Skill Day အထိမ်းအမှတ်အဖြစ် July 15, 2019 တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ကျင်းပသော Skills & Innovations Competitions of GTI & GTHS တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) သုတနည်းပညာဌာနမှ ပထမနှစ်ကျောင်းသား မောင်ဝေယံဘုန်းဇော် Hardware and Software Installation for…

ကျောင်းကထိန်ကျင်းပခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ ( ကျောက်ဆည်) မိသားစု၏ စုပေါင်းမဟာဘုံကထိန်ကို ကျောက်ဆည်မြို့ ၊ ရွှေကူညီကျောင်းတိုက်၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့၊သာသနာတော်နှစ် ၂၅၆၄ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၈)ရက်၊ သောကြာနေ့ တွင် သံဃာတော်၊ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ တရားနာကြာခြင်း၊ နေ့ဆွမ်းဆပ်ကပ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ခင်ပွန်းကြီး(၁၀)ပါး ဝန်ချတောင်းပန်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

ခင်ပွန်းကြီး(၁၀)ပါး ဝန်ချတောင်းပန်ပွဲ အခမ်းအနားအား နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့တွင် ‌ကျောင်းဝင်းအတွင်းနေထိုင်ကြသော ဆရာ/ဆရာမဝန်ထမ်းများမှ ကျင်းပပြုလုပ်ကြပါသည်။

ဗုဒ္ဓဝေယျာဝစ္စနှင့် ဘုံဆွမ်းလောင်းအသင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၏ ဗုဒ္ဓဝေယျာဝစ္စနှင့် ဘုံဆွမ်းလောင်းအသင်းအား ၂၀၂၀၊စက်တင်ဘာလ တွင်စတင်ဖွဲ့စည်းခဲ့ပါသည်။အပတ်စဉ် ကြာသာပတေးနေ့တိုင်း ကျောက်ဆည်မြို့ ရွှေပေါက်ပင်စာသင်တိုက်ရှိ ပရိယတ္တိ စာပေသင်ကြားနေကြသော ဆရာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်း‌လောင်းလှုလျက်ရှိပါသည်။

Covid 19 လှူဒါန်းမှု ပုံရိပ်များ

ခရိုင်ပြည်သူ့ဆေးရုံကြီး(ကျောက်ဆည်) သို့ covid 19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ထိထိရောက်‌ရောက် ကာကွယ်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကူအညီပစ္စည်းများ လှူဒါန်းခြင်း။