Category Archives: နောက်ဆုံးရသတင်းများ

ဒုတိယအကြိမ်လူငယ်စကားဝိုင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)နှင့် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒုတိယအကြိမ်လူငယ်စကားဝိုင်းကို (၈-၂-၂၀၂၃)ရက်နေ့ နံနက်(၉)နာရီ၌ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၊ စုဝေးခန်းမတွင် ကျင်းပခဲ့ရာ ကျောင်းသား/သူနှင့် ဆရာ/ဆရာမ စုစုပေါင်း အင်အား(၂၀၀)ဦးတက်ရောက်ခဲ့ကြပါသည်။ ကျောင်းအုပ်ဆရာကြီးမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးမှ လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ မေဂျာအသီးသီးမှ ကျောင်းသား/သူများမှ လူငယ်နှင့် Life Skill၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စီးပွားရေး၊ လူငယ်များ၏တန်ဖိုး စသည့်ခေါင်းစဉ်များကို…

AGTI Diploma ပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၏ ပဉ္စမအကြိမ်မြောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက်၊ AGTI Diploma ပေးအပ်ပွဲအခမ်းအနားအား (၄-၂-၂၀၂၃)ရက်နေ့နှင့် (၅-၂-၂၀၂၃)ရက်များတွင် ကျင်းပခဲ့ပြီး ကျောင်းသား/သူစုစုပေါင်း(၂၀)ဦးတက်ရောက်၍ အောင်လက်မှတ်ရယူခဲ့ပါသည်။

မိုးရာသီသစ်ပင်စိုက်ပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် မိုးရာသီသစ်ပင်စိုက်ပွဲအား (၈-၇-၂၀၂၂)ရက် သောကြာနေ့ နံနက်(၈)နာရီတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူအင်အား (၃၀၀)ခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျောင်းကထိန်ကျင်းပခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ ( ကျောက်ဆည်) မိသားစု၏ စုပေါင်းမဟာဘုံကထိန်ကို ကျောက်ဆည်မြို့ ၊ ရွှေကူညီကျောင်းတိုက်၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့၊သာသနာတော်နှစ် ၂၅၆၄ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၈)ရက်၊ သောကြာနေ့ တွင် သံဃာတော်၊ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ တရားနာကြာခြင်း၊ နေ့ဆွမ်းဆပ်ကပ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။