နောက်ခံသမိုင်းကြောင်း





အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)အား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်(၅-၁-၂၀၁၄)တွင်ယခင်ဖွင့်လှစ်ထားသောအေးမြကြည်လင်ရပ်ကွက်ရှိအစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) ကျောင်းဝန်းအတွင်းအဆောက်အဦးများအားမျှဝေသုံးစွဲကာပူးပေါင်းဖွင့်လှစ်ခဲ့ပါသည်။
၂၀၁၇-၁၈ပညာသင်နှစ်မှစတင်၍တံစိုးဂိတ်ရပ်ကွက်ရှိယခင်အတတ်ပညာလေ့ကျင့်ရေးသင်တန်းကျေင်းဟောင်းတွင်ပြောင်းရွှေ့သင်ကြားခဲ့ပါသည်။လက်ရှိကာလအထိဒီပလိုမာသင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲ(၅)ကြိမ်အထိကျင်းပ ပြီးစီးခဲ့ပြီဖြစ်ပြီး
သင်တန်းဆင်းဦးရေ(၅၀၅)ဦးမွေးထုတ်ခဲ့ပြီး ဖြစ်ပါသည်။

GTI Kyaukse

ရည်မှန်းချက်

  • ဒေသတွင်းလိုအပ်ချက်နှင့်ကိုက်ညီသောဘာသာရပ်များလေ့ကျင့်သင်ကြားပေးရန်
  • ကျောင်းသားများ၏စိတ်ဝင်စားမှု၊ရည်မှန်းချက်များနှင်ကိုက်ညီသောသင်ယူလေ့လာမှု နည်းလမ်းကောင်းများညွှန်ပြပေးရန်
  • ကျောင်းသားများအတွက်အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာစေရန်

မျှော်မှန်းချက်

  • ဒေသအတွက်လိုအပ်သောအရည်အချင်းရှိ၍စည်းကမ်းကောင်းမွန်ပြီးကျွမ်းကျင်လူငယ်နှင့်ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်သောကျောင်းတစ်ကျောင်းဖြစ်လာစေရန်။

စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သောကာလ
ဦးဇင်မင်းထွန်းM.E(Mech)၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ
ဒေါက်တာမျိုးသူPh.D(Mech)၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ
ဒေါက်တာနေမျိုးထွန်းPh.D(Mech)၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ
ဒေါက်တာမျိုးသူPh.D(Mech)၂၀၂၁ ခုနှစ်မှ ယနေ့အထိ