ကျောင်းသမိုင်း
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)အား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်၊ (၅-၁-၂၀၁၄)တွင် ယခင်ဖွင့်လှစ်ထားသော အေးမြကြည်လင် ရပ်ကွက်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း(ကျောက်ဆည်) ကျောင်းဝန်း အတွင်း အဆောက်အဦးများအား မျှဝေ သုံးစွဲကာ ပူးပေါင်းဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစတင်၍ တံစိုးဂိတ်ရပ်ကွက်ရှိ ယခင် အတတ်ပညာလေ့ကျင့်ရေး သင်တန်းကျောင်းဟောင်းတွင် ပြောင်းရွှေ့သင်ကြားခဲ့ပါသည်။ လက်ရှိ ကာလအထိ ဒီပလိုမာသင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲ(၅)ကြိမ်အထိ ကျင်းပ ပြီးစီးခဲ့ပြီဖြစ်ပြီး သင်တန်းဆင်းဦးရေ(၅၀၅)ဦး မွေးထုတ်ခဲ့ပြီး ဖြစ်ပါသည်။
တည်နေရာ
ကျောက်ဆည်မြို့နယ်၊ တံစိုးရွာသွားလမ်းနှင့် သူငယ်တော်ရွာသွားလမ်းထောင့်၊ ကျောက်ဆည်မြို့တွင် တည်ရှိပါသည်။
အကျယ်အဝန်း
အကျယ်အဝန်းမှာ ဧရိယာ(၂၀)ဧက ရှိပါသည်။L
ရည်မှန်းချက်နှင့်မျှော်မှန်းချက်များ
နိုင်ငံတော်အတွင်း တိုင်းနှင့်ပြည်နယ်ဒေသ အသီးသီးမှ လူငယ် ၊ လူရွယ်များအတွက် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးနောက် နည်းပညာ ဘာသာရပ်များကို လေ့လာ သင်ကြားခွင့်ရရှိစေရန်၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ အရည်အချင်း ပြည့်မီသော ကျောင်းသားများအနေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံတွင် ပညာဆက်လက် သင်ယူခွင့်ရရှိစေရန်၊ ဒေသတွင်း နည်းပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက် ဖွံ့ဖြိုးလေ့ကျင့် မွေးထုတ်ပေးနိုင်ရန်တို့ ဖြစ်ပါသည်။
အဆောက်အဦးများ
ဖွဲ့စည်းပုံ
Organization-ChartMyanတာဝန်ထမ်းဆောင်ခဲ့ဖူးသောကျောင်းအုပ်ကြီးများ
စဉ် | အမည် | ပညာအရည်အချင်း | တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ |
---|---|---|---|
၁ | ဦးဇင်မင်းထွန်း | M.E(Mech) | ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ |
၂ | ဒေါက်တာမျိုးသူ | Ph.D(Mech) | ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ |
၃ | ဒေါက်တာနေမျိုးထွန်း | Ph.D(Mech) | ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ |
၄ | ဒေါက်တာမျိုးသူ | Ph.D(Mech) | ၂၀၂၁ ခုနှစ်မှ ယနေ့အထိ |
လက်ရှိတာဝန်ထမ်းဆောင်နေသော ကျောင်းအုပ်ကြီး၏ အချက်အလက်များ
ဒေါက်တာမျိုးသူ
Email: gtikse@dtve.org , Contact Phone(Office): +066 2050565 , Hand Phone: 0977778765