သမိုင်းကြောင်း- အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)အား သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနလက်အောက်၊ (၅-၁-၂၀၁၄)တွင် ယခင်ဖွင့်လှစ်ထားသော အေးမြကြည်လင် ရပ်ကွက်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း(ကျောက်ဆည်) ကျောင်းဝန်း အတွင်း အဆောက်အဦးများအား မျှဝေ သုံးစွဲကာ ပူးပေါင်းဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်၍ တံစိုးဂိတ်ရပ်ကွက်ရှိ ယခင် အတတ်ပညာလေ့ကျင့်ရေး သင်တန်းကျောင်းဟောင်းတွင် ပြောင်းရွှေ့သင်ကြားခဲ့ပါသည်။ လက်ရှိ ကာလအထိ ဒီပလိုမာသင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲ(၅)ကြိမ်အထိ ကျင်းပ ပြီးစီးခဲ့ပြီဖြစ်ပြီး သင်တန်းဆင်းဦးရေ(၅၀၅)ဦး မွေးထုတ်ခဲ့ပြီး ဖြစ်ပါသည်။
တည်နေရာ- ကျောက်ဆည်မြို့နယ်၊ တံစိုးရွာသွားလမ်းနှင့် သူငယ်တော်ရွာသွားလမ်းထောင့်၊ ကျောက်ဆည်မြို့တွင် တည်ရှိပါသည်။
အကျယ်အဝန်း- အကျယ်အဝန်းမှာ ဧရိယာ(၂၀)ဧက ရှိပါသည်။
ရည်မှန်းချက်နှင့်မျှော်မှန်းချက်များ- နိုင်ငံတော်အတွင်း တိုင်းနှင့်ပြည်နယ်ဒေသ အသီးသီးမှ လူငယ် ၊ လူရွယ်များအတွက် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးနောက် နည်းပညာ ဘာသာရပ်များကို လေ့လာ သင်ကြားခွင့်ရရှိစေရန်၊ အစိုးရနည်းပညာ အထက်တန်း ကျောင်းများမှ အရည်အချင်း ပြည့်မီသော ကျောင်းသားများအနေဖြင့် အစိုးရစက်မှု လက်မှု သိပ္ပံတွင် ပညာဆက်လက် သင်ယူခွင့်ရရှိစေရန်၊ ဒေသတွင်း နည်းပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက် ဖွံ့ဖြိုးလေ့ကျင့် မွေးထုတ်ပေးနိုင်ရန်တို့ ဖြစ်ပါသည်။
အဆောက်အဦးများ
ဖွဲ့စည်းပုံ
Organization-ChartMyanလက်ရှိတာဝန်ထမ်းဆောင်နေသော ကျောင်းအုပ်ကြီး၏ အချက်အလက်များ – ဒေါက်တာမျိုးသူ ၊ Email: gtikse@dtve.org , Contact Phone(Office): +066 2050565 , Hand Phone: 0977778765