Category Archives: ဆောင်ရွက်လှုပ်ရှားမှုများ

ကျောင်းသား၊သူများနှင့် သက်ဆိုင်သော SOP ရှင်းလင်းဟောပြောပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) တွင် ကျောင်းအုပ်ဆရာကြီးဒေါက်တာ မျိုးသူမှ ကျောင်းသား၊သူများနှင့် သက်ဆိုင်သော SOP များအား (၇.၉.၂၀၂၃) ရက်နေ့တွင်ရှင်းလင်းပြောကြားခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်ဟောပြောပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကို (၇.၉.၂၀၂၃) ရက်‌နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသောလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ၂၃.၈.၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)တွင် ဆရာ/မ ဝန်ထမ်းများ ၊ ကျောင်းသား/သူများ စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအား (၇.၈.၂၀၂၃) ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ပြီး သံဃာတော်အရှင်သူမြတ် (၅) ပါးအား ပင့်ဖိတ်၍ ဝါဆိုသင်္ကန်း ၊ နဝကမ္မ ဝတ္ထုငွေ နှင့် နေ့ဆွမ်းကပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

တတိယအကြိမ်လူငယ်စကားဝိုင်း

ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ကိုယ်စား ဒုတိယ ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေးမှုးဦး‌ငွေဒိုး၊ ကျောင်းအုပ်ကြီး ဒေါက်တာမျိုးသူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပြီး ဘာသာရပ်အသီးသီးမှ ကျောင်းသား/သူ များမှ လူငယ်နှင့်အသက်မွေးဝမ်း‌ကြောင်း ပညာ ကျွမ်းကျင်မှု၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် အနုပညာ စသည့် ခေါင်းစဥ်များဖြင့် ၇.၈.၂၀၂၃ ရက်နေ့တွင်အသီးသီးဆွေးနွေးခဲ့ကြပါသည်။

မိုးရာသီဘောလုံးပြိုင်ပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) တွင် ကျောင်းသား/သူများ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်၍ မိုးရာသီ ဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲအား ၂၀၂၃ခုနှစ် ဇူလိုင်၁၇ မှ ဇူလိုင် ၂၃ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

မိုးရာသီသစ်ပင်စိုက်ပွဲ

ဇွန်လ ၂၈ ရက်၂၀၂၃ ခုနှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောက်ဆည်တွင် မိုးရာသီသစ်ပင် စိုက်ပွဲကို ကျင်းပခဲ့ပါသည်။ ယင်းသစ်ပင်စိုက်ပွဲကို ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ အင်အား ၂၀၀ တက်ရောက်ခဲ့ကြပြီး အပင်ပေါင်း ၁၂၀ စိုက်ပျိုးခဲ့ပါသည်။

၂၀၂၃ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့

၂၀၂၃ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားအား “ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ဟူသောဆောင်ပုဒ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကာ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာအရာရှိ (၂၀)ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိ (၃၁)ဦး၊ ဆရာ/ဆရာမ(၂၅)ဦး၊ ကျောင်းသား/သူ(၁၅၀)ဦးတို့ တက်‌ရောက်ခဲ့ပါသည်။

အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ်ရေးဟောပြောပွဲ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဦးစီး၍ အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ်ခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ခြင်း၊ သက်ငယ်မုဒိန်းဖြစ်ပွားမှုကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မတ်လ(၂၀)ရက်နေ့က အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၏ စုဝေးခန်းမတွင်ကျင်းပခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။